ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က ကြီးမှူးကျင်းပသော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က ကြီးမှူးကျင်းပသော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားနှင့်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / December 08, 2023
image_latest


နေပြည်တော် ဒီဇင်ဘာ ၇

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က ကြီးမှူးကျင်းပသော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသအမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။   

ဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အောင်မောင်းကိုးချက်တီးကာဖွင့် လှစ်သည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး၏ ရာသက်ပန်နာယက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော သဝဏ်လွှာကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး၏ နာယကက ဖတ်ကြားသည်။       

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)(ဗဟို) ဥက္ကဋ္ဌက (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်၏ အမျိုးသားအောင်ပွဲနေ့ သြဝါဒကိုနာယူကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိ သူများကဘွဲ့တံဆိပ်တော် ရရှိတော်မူသော အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ၁၁ ပါး၊ မဟာ မင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့ ၁၃ ပါး၊ မင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့ ၃၄ ပါး၊ လူပုဂ္ဂိုလ် ၁၀၀ တို့အား မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို အသီးသီးပေးအပ်ချီးမြှင့်ဆက်ကပ်ကြသည်။

ထို့နောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်