ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Maxim RYZHENKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Maxim RYZHENKOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ


Ministry of Information/ Naypyitaw / January 09, 2025
image_latest


ရန်ကုန် ဇန်နဝါရီ ၈

ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Maxim RYZHEN-KOV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ည ၉ နာရီ ၁၅ မိနစ်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိသည်။

ဧည့်သည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရန်ကုန်မြို့အခြေစိုက် ဘယ်လာရုစ်ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,