ဘားအံမြို့နယ် ကမော့ကစင်ကျေးရွာ၌ ကုန်ထုတ်လမ်း ဂဝံမြေခင်းနေမှုစစ်ဆေး

ဘားအံမြို့နယ် ကမော့ကစင်ကျေးရွာ၌ ကုန်ထုတ်လမ်း ဂဝံမြေခင်းနေမှုစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / November 26, 2025
image_latest


ဘားအံမြို့နယ် ကမော့ကစင်ကျေးရွာ၌ ကုန်ထုတ်လမ်း ဂဝံမြေခင်းနေမှုစစ်ဆေး

****************************************************************************

ဘားအံ     နိုဝင်ဘာ      ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကမော့ကစင်ကျေးရွာ၌ ကုန်ထုတ်လမ်း ဂဝံမြေခင်းနေမှု အခြေအနေများကို နိုဝင်ဘာ ၂၆ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်နှင့် အင်ဂျင်နီယာဝန်ထမ်းများက လမ်းဖြစ်မြောက်ရေးကော်မတီဝင်များ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ကမော့ကစင်ကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ် ဆောင်ရွက်နေမှုအခြေအနေများကို  ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်ရက်အတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

ကမော့ကစင်ကျေးရွာ၌ ကုန်ထုတ်လမ်းအရှည် ၅ ဒသမ ၅ဖာလုံ၊ အကျယ် ၁၅ပေ ၊ အမြင့် သုံးပေ ကိုးလက်မရှိ ဂဝံမြေခင်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၂၈ ဒသမ ၄၃၉သန်း အသုံးပြုကာ တင်ဒါအောင်မြင်သည့် Perfect Mother ကုမ္ပဏီမှ ယခုနှစ် ဇွန် စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၄၀ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးထံမှ သိရသည်။

ဆက်လူ