ဘားအံမြို့နယ် ရသဝေါအင်းကျေးရွာ၌ ကုန်ထုတ်လမ်း အပိုင်း(၂) ဖောက်လုပ်နေမှု စစ်ဆေး

ဘားအံမြို့နယ် ရသဝေါအင်းကျေးရွာ၌ ကုန်ထုတ်လမ်း အပိုင်း(၂) ဖောက်လုပ်နေမှု စစ်ဆေး


Ministry of Information/ Naypyitaw / May 24, 2024
image_latest


ဘားအံ   မေ     ၂၄

          ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ရသဝေါအင်းကျေးရွာ၌ ကုန်ထုတ်လမ်း အပိုင်း(၂)ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို မေ ၂၃ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသူရလွင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင် များနှင့်အတူ ရသဝေါအင်းကျေးရွာ၌ ကုန်ထုတ်လမ်း အပိုင်း(၂)ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လိုအပ်သည်များ မှာကြားခဲ့သည်။

ဘားအံမြို့နယ် ရသဝေါအင်းကျေးရွာ၌ အဆိုပါကုန်ထုတ်လမ်းလုပ်ငန်းကို အရှည် ၄ ဒသမ ၇ဖာလုံ၊ အကျယ် ၁၆ပေ၊ အမြင့် သုံးပေကိုးလက်မရှိ ဂဝံမြေလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၃၈  ဒသမ ၁သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများက ယခုနှစ် မေလ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၆၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ကုန်ထုတ်လမ်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားထုတ်ကုန်၊ ထွက်ကုန်များ ကုန်ကျစရိတ်သက်သာစွာ ဈေးကွက်အတွင်းသို့ လျင်မြန်စွာတင်ပို့ နိုင်မည်ဖြစ်ကြောင်း ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်ထံမှ သိရသည်။