ဘားအံမြို့အဝင် ဆင်ဖြူတော်အဝိုင်း၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူ

ဘားအံမြို့အဝင် ဆင်ဖြူတော်အဝိုင်း၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / June 13, 2024


ဘားအံ - ဇွန် (၁၂)

ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ဆင်ဖြူတော်အဝိုင်း၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့၏ တီးခတ်ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြပြီး ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာကို စိုက်ထူပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တီးမှုတ်ဖျော်ဖြေတင်ဆက်ပေးသော အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့နှင့်ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာသူများ နှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ “ ကလေးအလုပ်သမားအဆုံးသတ်ရေး ကျွန်ုပ်တို့၏ကတိကဝတ်အတိုင်းဆောင်ရွက်ကြပါစို့ ” ဟူသောဆောင်ပုဒ်ဖြင့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဆောင်ရွက်ဆဲပြုပြင်ပြောင်းလဲမှုများတွင် ကလေးအလုပ်သမားများနှင့် ပတ်သက်၍ ဦးစွာအဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းမှအစပြုကာ ကလေးအလုပ်သမားခိုင်းစေမှုပပျောက်သွားရန် (သို့မဟုတ်)လျော့နည်းသွားရန် ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့်စပ်လျဉ်း၍ အခွင့်အလမ်းကောင်းများကိုဖြစ်ပေါ်စေ မည့် အလှည့်အပြောင်းဆောင်ရွက်ရန် အခြေအနေကောင်းတွင် ရောက်ရှိနေကြောင်း၊ ကလေးအလုပ်သမားဖြစ်စေ သည့် အခြေခံအကြောင်းအရင်းများကိုဖော်ထုတ်ပြီး ဖြေရှင်းဆောင်ရွက်ပေးမည့်နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ပါ က တစ်နိုင်ငံလုံးအနေဖြင့်ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအတွက် တွန်းအားတစ်ရပ်ဖြစ်လာနိုင်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီအတွင်းရေးမှူးက ကလေး အလုပ်သမားနှင့်ပတ်သက်၍ဆောင်ရွက်ချက်များကိုရှင်းလင်းတင်ပြပြီး ဥပဒေရေးရာလုပ်ငန်းကော်မတီအတွင်းရေးမှူး က ဥပဒေရေးရာများကို ရှင်းလင်းတင်ပြကာ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ် ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအတွင်းရေးမှူးက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် ကော်မတီဝင်များသည် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး တက်ရောက်လာသူများအား ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်၍ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီများ၏ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပါသည်။

HOT NEWS
January 4,