ဘိုကလေးမြို့နယ်၌ ဆောင်ရွက်နေသည့် လမ်းတံတားများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဘိုကလေးမြို့နယ်၌ ဆောင်ရွက်နေသည့် လမ်းတံတားများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / December 04, 2025
image_latest


ဘိုကလေး ဒီဇင်ဘာ ၃

            ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ၊ ပြင်ထိန်း ရန်ပုံငွေတို့ဖြင့် မြို့နယ်တွင်း၌ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း တစ်လမ်း၊ ကျောက်ချောလမ်း တစ်လမ်း၊ ကွန်ကရစ်တံတား တစ်စင်း ဆောင်ရွက်သည့် လုပ်ငန်းများအား ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

            စစ်ဆေးဆောင်ရွက်ရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးနှင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက် ခြင်းဖြစ်ပြီး ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမိုးမြင့်နှင့်အဖွဲ့က ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် လျက်ရှိသည့် ဘိုကလေးမြို့နယ်အတွင်းမှ လမ်း၊ တံတားလုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးကျော်နိုင်ဦးထံမှ သိရသည်။

မိုးစက်(ဘိုကလေး)