ဘောလခဲမြို့နယ်၌ ဘောလခဲ-ဖားဆောင်းကားလမ်းနှင့် ရေနီပေါက်ကျေးရွာတို့အား ဆက်သွယ်ထားသည့် ကြိုးတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ဘောလခဲမြို့နယ်၌ ဘောလခဲ-ဖားဆောင်းကားလမ်းနှင့် ရေနီပေါက်ကျေးရွာတို့အား ဆက်သွယ်ထားသည့် ကြိုးတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး


Ministry of Home Affairs/ နေပြည်တော် / March 23, 2023


     ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ဘောလခဲ-ဖားဆောင်းကားလမ်းနှင့် ရေနီပေါက်ကျေးရွာတို့အား ဆက်သွယ်ထားသည့် ကြိုးတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
    ဖြစ်စဉ်မှာ မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာရှိ ပွန်းချောင်းအား ဖြတ်သန်းဆောက်လုပ်ထားပြီး ဘောလခဲ-ဖားဆောင်းကားလမ်းနှင့် ရေနီပေါက်ကျေးရွာတို့အား ဆက်သွယ်ထားသည့် အရှည် ၃၂၅ ပေ၊ အကျယ် ၇ ပေခန့်ရှိ ရွာအဝင်ကြိုးတံတားအား KNDFနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါတံတား၏ သံမဏိကြိုးများ ပျက်စီးပြိုကျခဲ့ကာ လူနှင့်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍မရကြောင်း သိရသည်။
    ထိုသို့ အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အများပြည်သူ ဖြတ်သန်းသွားလာ အသုံးပြုလျက်ရှိသည့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများအား  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,