မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြို့နယ်နယ်ပညာရေးမှူးအား PDF အမည်ခံအကြမ်းဖက်သမားများက သေနတ်ဖြင့်ရက်စက်စွာပစ်ခတ်သတ်ဖြတ်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြို့နယ်နယ်ပညာရေးမှူးအား PDF အမည်ခံအကြမ်းဖက်သမားများက သေနတ်ဖြင့်ရက်စက်စွာပစ်ခတ်သတ်ဖြတ်
Ministry of Information/ Naypyitaw / April 05, 2022

နေပြည်တော် ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြို့နယ်နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီအား PDF အမည်ခံအကြမ်းဖက် သမားများက သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ပခုက္ကူမြို့၊ (၁၂)ရပ်ကွက်နေ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီ (၅၈)နှစ် (ဘ)ဦးလှရွှေသည် မြို့နယ်ပညာရေးမှူးရုံးသို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့် သွားရောက်စဉ် (၁၂)ရပ်ကွက်၊ ဧရာဝဏ်လမ်းပေါ်ရှိ “မေမြန်မာ” စတိုးဆိုင်ရှေ့အရောက်၌ ၎င်း၏ အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် အကြမ်းဖက်သမား အမျိုးသား ၂ ဦးက သေနတ် ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ ဒေါ်တင်တင်ရီကို အခင်းဖြစ်နေရာလမ်းပေါ်၌ ၎င်းစီးနင်းလာသည့် Super Cub အစိမ်းရောင် ဆိုင်ကယ်ဘေး၌ ဝဲလက်မောင်းကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ဝဲရင်ဘက်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေကိုတွေ့ရှိရပြီး ၎င်း၏အနီးမှ A USA Auto 380 စာတန်းပါကျည်ခွံ ၃ ခုတို့ကို တွေ့ရှိသိမ်းဆည်းရရှိခဲ့သည်။
ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီ၏ အလောင်းအား ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ထိုကဲ့သို့ အနာဂတ်မျိုးဆက်သစ်လူငယ်များနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားနိုင်ရန် နိုင်ငံ့ဝန်ထမ်းပီသစွာ ဆောင်ရွက်ပေး လျက်ရှိသည့် မြို့နယ်ပညာရေးမှူးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။