မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မင်းဘူး-မင်းလှကားလမ်း၊ မိုင်တိုင်အမှတ်(၁၄/၁)နှင့် (၁၄/၂)ကြားတွင် ယာဉ်တိမ်းမှောက်မှု
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မင်းဘူး-မင်းလှကားလမ်း၊ မိုင်တိုင်အမှတ်(၁၄/၁)နှင့် (၁၄/၂)ကြားတွင် ယာဉ်တိမ်းမှောက်မှု
Ministry of Home Affairs/ နေပြည်တော် / July 26, 2022

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မင်းဘူး-မင်းလှကားလမ်း၊ မိုင်တိုင်အမှတ် (၁၄/၁)နှင့်(၁၄/၂)ကြားတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ၊ ၀၅ ၃၀ အချိန်ခန့်က ရေနံစိမ်းဂါလန် ၄၀၀၀ ခန့် တင်ဆောင်၍ ယာဉ်မောင်း မျိုးသူအောင်ကိုယ်စား ယာဉ်နောက်လိုက် ကရင်(ခ)စောဆဲထူး မောင်းနှင်လာသော 7G-8520 အပြာရောင် ၂၂ ဘီးတွဲယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ခြမ်းသို့ တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်၏ခေါင်းခန်းအတွင်း ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးတို့ ညှပ်နေကြောင်း သတင်းရရှိသဖြင့် မင်းလှမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ၀၅ ၅၀ အချိန်တွင် မီးငြှိမ်းသတ်ယာဉ် ၂ စီးဖြင့် ယာဉ်အတွင်းမှ ရေနံစိမ်းများအား အခြားယာဉ်ပေါ်သို့ ရွေ့ပြောင်းသယ်ယူနေစဉ် အတွင်း မီးလောင်မှု မဖြစ်ပွားစေရေးအတွက် အသင့်စောင့်ကြပ်ပေးခဲ့ပြီး ၁၄ ၅၀ အချိန် လုပ်ငန်းဆောင်ရွက် ပြီးစီးပါသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးတွင် ယာဉ်မောင်း မျိုးသူအောင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ယာဉ်နောက်လိုက် ကရင်(ခ)စောဆဲထူး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)တို့အား သူနာတင်ယာဉ်ဖြင့် မင်းလှပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား မင်းလှမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
