မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေး-ကန်ပြား-မြို့သစ်-နေပြည်တော် (တောင်ညိုလမ်း) မိုင်တိုင်အမှတ်(၂၇/၆)တွင် ယာဉ်တိုက်မှု


Ministry of Home Affairs/ နေပြည်တော် / May 26, 2023
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေး-ကန်ပြား-မြို့သစ်-နေပြည်တော် (တောင်ညိုလမ်း) မိုင်တိုင်အမှတ်(၂၇/၆)တွင် ယာဉ်တိုက်မှု


      မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေး-ကန်ပြား-မြို့သစ်-နေပြည်တော်(တောင်ညိုလမ်း) မိုင်တိုင်အမှတ်(၂၇/၆)တွင် ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့၊ ၁၁၀၀ အချိန်ခန့်က နေပြည်တော်မှ မကွေးဘက်သို့  ယာဉ်မောင်း ဦးနိုင်ဦး မောင်းနှင်လာသော ယာဉ်အမှတ်(6N-XXXX) (MGY 16 )Hijet အမျိုးအစား (အဖြူရောင်)ယာဉ်နှင့် မကွေးမှနေပြည်တော်ဘက်သို့ ယာဉ်မောင်း  ဦးလှမျိုးထွန်း မောင်းနှင်းလာသော ယာဉ်အမှတ် (5J-XXXX)(မန္တလာမင်း)(အနီ/အဖြူကြား SCANIA) ခရီးသည်တင်ယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်ဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့သစ်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ်တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၁၂၀ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။ 
     အဆိုပါယာဉ်တိုက်မှုကြောင့် Hijet ယာဉ်ပေါ်ပါ အမျိုးသား လေးဦး၊ အမျိုးသမီး ခုနှစ်ဦး၊ ပေါင်း ၁၁ ဦးအနက် ယာဉ်မောင်း အမျိုးသားတစ်ဦး (သေဆုံး)၊ အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)နှင့် အမျိုးသမီး လေးဦး (သေဆုံး)၊ အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား မြို့သစ်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် မန္တလာမင်းခရီးသည်ယာဉ် ယာဉ်မောင်း ဦးလှမျိုးထွန်းနှင့် Hijet ယာဉ်မောင်း ဦးနိုင်ဦး(သေဆုံး)တို့အား တောင်တွင်းကြီးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရပါသည်။