မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်၊ (၁၄)လမ်းတွင် နေအိမ်မီးလောင်မှု 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်၊ (၁၄)လမ်းတွင် နေအိမ်မီးလောင်မှု 


Ministry of Home Affairs/ နေပြည်တော် / April 10, 2024


     ၂၀၂၄ ခုနှစ်၊ ဧပြီ ၈ ရက် နံနက် ၁ နာရီ ၃၅ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်၊ (၁၄)လမ်းတွင် ပိုင်ရှင် ဒေါ်မြနှင်းမူ၏ ၁၅x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် နေအိမ်၌ ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ထားရာမှ အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပခုက္ကူခရိုင်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခုနှစ်စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါမီးလောင်မှုကြောင့် အမျိုးသမီး တစ်ဦး မီးဟပ်ဒဏ်ရာ(မစိုးရိမ်ရ)၊ ၁၅x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ် တစ်လုံး၊ ၁၀x၁၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ် တစ်လုံး၊ ၁၆x၁၆ ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ ၁၅x၁၈ ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ ၁၀x၂၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ် နှစ်ထပ်နေအိမ် တစ်လုံး၊ စုစုပေါင်း နေအိမ် ငါးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်မြနှင်းမူအား ပခုက္ကူမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,