မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဘုရားပြိုကျေးရွာအုပ်စု၊ ဘုရားပြို(မြောက်)ကျေးရွာတွင် နေအိမ် မီးလောင်မှု

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဘုရားပြိုကျေးရွာအုပ်စု၊ ဘုရားပြို(မြောက်)ကျေးရွာတွင် နေအိမ် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / May 03, 2024


     ၂၀၂၄ ခုနှစ်၊ မေ ၁ ရက် နံနက် ၃ နာရီ ၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဘုရားပြိုကျေးရွာအုပ်စု၊ ဘုရားပြို(မြောက်)ကျေးရွာနေ ပိုင်ရှင် ဦးဉာဏ်လင်း၏ ၁၈x၁၈ ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းနှစ်ထပ်နေအိမ်၌ မီးပလပ်ခုံ အပူလွန်ကဲရာမှ မီးပွားထွက်ပြီးအနီးရှိ ထရံကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ မကွေးမြို့နယ်မီးသတ်စခန်း၊ ကံပြားနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ  ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါ မီးလောင်မှုကြောင့် ၁၈x၁၈ ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နှစ်ထပ် နေအိမ် နှစ်လုံး၊ ၂၀x၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ် နေအိမ် တစ်လုံး၊ ၂၀x၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နွားတင်းကုပ် တစ်လုံး၊ စုစုပေါင်းနေအိမ် သုံးလုံး၊ နွားတင်းကုပ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးဉာဏ်လင်းအား မကွေးမြို့နယ် အမှတ်(၂)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။

HOT NEWS
January 4,