မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာရှိ လူနေအိမ်မီးလောင်မှု

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာရှိ လူနေအိမ်မီးလောင်မှု


Ministry of Home Affairs/ Nay Pyi Taw / March 13, 2025


     ၂၀၂၅ ခုနှစ်၊ မတ် ၁၂ ရက်၊ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာတွင် ပိုင်ရှင်ကိုသက်နိုင်ထွန်း(ခ)ကိုသက်၏နေအိမ်တွင် ကလေးများ အကင်ကြော်သည့် မီးဖိုမှတစ်ဆင့် နေအိမ်ထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ပွင့်ဖြူမြို့နယ်မီးသတ်စခန်း၊ စလင်းမြို့နယ်မီးသတ်စခန်း၊ ကုန်းဇောင်းနယ်မြေမီးသတ်စခန်း၊ ကျောင်းတော်ရာနယ်မြေမီးသတ်စခန်း၊ လယ်ကိုင်းနယ်မြေမီးသတ်စခန်းနှင့်  စကုနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ် ခြောက်စီး၊ မီးသတ်စက်ယာဉ် နှစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၅ နာရီ ၄၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် အမျိုးသား တစ်ဦး မီးခိုးမွှန်(သေဆုံး)၊ RC အုတ်ညှပ်နေအိမ် ၂၅ လုံး၊ သွပ်မိုးထရံကာ ပျဉ်ခင်း နှစ်ထပ်နေအိမ် ၁၅၀ လုံး၊ သွပ်မိုးထရံကာ ပျဉ်ခင်း တစ်ထပ်နေအိမ် ၁၈၅ လုံး၊ စုစုပေါင်းနေအိမ် ၃၆၀ လုံးခန့်၊ အိမ်သုံးမီတာ ၁၁ လိုင်း(400V)၊ စပါးတင်း ၂၅၀၀ တင်းခန့်၊ ကုလားပဲ ၁၅၀၀ တင်းခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ကိုသက်နိုင်ထွန်းအား ပွင့်ဖြူမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,