မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ နှစ်လုံးထီလောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူ

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ နှစ်လုံးထီလောင်းကစားပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / May 16, 2025


       ၂၀၂၅ ခုနှစ်၊ မေ ၁၄ ရက်က မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၌ နှစ်လုံးထီလောင်းကစား ပြုလုပ်သူ အမျိုးသမီး တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ မေ ၁၄ ရက် နံနက် ၁၁ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကြူဝန်း ကျေးရွာနေ ဒေါ်ပပဝင်း(၄၂)နှစ်၏နေအိမ်၌ နှစ်လုံးထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက် ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်အောက်သစ်သားစားပွဲတွင် ထိုင်လျက်တွေ့ရှိရပြီး  စားပွဲပေါ်တွင် နှစ်လုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်ပပဝင်း အား စလင်းမြို့မရဲစခန်း (ပ)၁၆/၂၀၂၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။