မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ဧရာဝတီတံတား(မကွေး) စစ်ဆေးရေးဂိတ်အနီး၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ပိုစတာစိုက်ထူခြင်းနှင့် ခရီးသွားပြည်သူများ လက်ဝယ်သို့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

Ministry of Home Affairs/ Naypyitaw / September 03, 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ဧရာဝတီတံတား(မကွေး) စစ်ဆေးရေးဂိတ်အနီး၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ပိုစတာစိုက်ထူခြင်းနှင့် ခရီးသွားပြည်သူများ လက်ဝယ်သို့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။