မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသမီး လေးဦးအား ဖမ်းဆီးအရေးယူ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသမီး လေးဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / September 11, 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသမီး လေးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၀ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဆားတိုင်ကံကျေးရွာနေ ဒေါ်ခင်သက်ဝေ(၄၄)နှစ်၏နေအိမ်၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ မကွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်၌ ဒေါ်ခင်သက်ဝေပါ အမျိုးသမီး လေးဦးတို့အား ဖဲရိုက်လောင်းကစား ပြုလုပ်နေသည်ကို တွေ့ရှိရပြီး ၎င်းတို့ထံမှ ဖဲရိုက်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ခင်သက်ဝေပါ လေးဦးအား မကွေးနယ်မြေရဲစခန်း(ပ)၁၉၈/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
