မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ အောင်လံ-ပြည် ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၁၈/၃ နှင့် ၂၁၈/၄ ကြား၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ အောင်လံ-ပြည် ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၁၈/၃ နှင့် ၂၁၈/၄ ကြား၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်
Ministry of Home Affairs/ နေပြည်တော် / September 22, 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက် နံနက် ၆ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ အောင်လံ-ပြည် ကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၁၈/၃ နှင့် ၂၁၈/၄ ကြား၌ လုံးပတ် ၅ ပေ၊ အမြင့် ၅၀ ပေခန့်ရှိ ယူကလစ်ပင်သည် အမြစ်မခိုင်၍ လဲကျပြီး လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် အောင်လံမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၇ နာရီ ၂၈ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။