မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာ၌ ဈေးဆိုင်ခန်းများ မီးလောင်မှု
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာ၌ ဈေးဆိုင်ခန်းများ မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / October 14, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာ၌ ကျောင်းတော်ရာဘုရားဝင်းအတွင်းရှိ ပိုင်ရှင် ဦးသောင်းရွှေ၏ ၇ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ ဈေးဆိုင်ခန်း၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပွင့်ဖြူမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၇ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ ဈေးဆိုင်ခန်း ၁၅ ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးသောင်းရွှေ အား လယ်ကိုင်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
