မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ အပြစ်မဲ့ ကလေးငယ်(မ)တစ်ဦးအား သတ်ဖြတ်မှုကျူးလွန်ခဲ့သူ တရားခံအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ထိန်းသိမ်းခေါ်ဆောင်ထားခြင်းအပေါ် ကျေနပ်မှုမရှိသည့် နစ်နာသူမိသားစုဝင်များနှင့် ဒေသခံပြည်သူများက လမ်းလျှောက်ဆန္ဒဖော်ထုတ်
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ အပြစ်မဲ့ ကလေးငယ်(မ)တစ်ဦးအား သတ်ဖြတ်မှုကျူးလွန်ခဲ့သူ တရားခံအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ထိန်းသိမ်းခေါ်ဆောင်ထားခြင်းအပေါ် ကျေနပ်မှုမရှိသည့် နစ်နာသူမိသားစုဝင်များနှင့် ဒေသခံပြည်သူများက လမ်းလျှောက်ဆန္ဒဖော်ထုတ်
Ministry of Home Affairs/ နေပြည်တော် / October 29, 2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက် ည ၈ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ သီရိရပ်ကွက်နေ မအေးငြိမ်းလင်း(၁၃)နှစ်သည် ၎င်း၏အစ်မဖြစ်သူ မသီတာလင်းနှင့်အတူ နေအိမ်၌ရှိနေစဉ် အိမ်နီးချင်းဖြစ်သူ မင်းမင်းစိုး(၂၁)နှစ်မှ မြို့ထဲသွားရန် လာခေါ်သဖြင့် လိုက်သွားခဲ့ပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် မိသားစုဝင်များနှင့် ရပ်ကွက်နေသူများမှ စုံစမ်းရှာဖွေခဲ့ရာ အောက်တိုဘာ ၂၅ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် အဆိုပါရပ်ကွက်ရှိ နယ်မြေအခြေအနေရ ယာယီပိတ်ထားသည့် မြို့နယ်ပြည်သူ့ဆေးရုံဝင်းရှိ လိုင်းခန်းတစ်ခုအတွင်း မအေးငြိမ်းလင်းအား ဦးခေါင်းနောက်စေ့ကွဲဒဏ်ရာဖြင့် ပုပ်ပွသေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ဆောမြို့မရဲစခန်း (ပ)၂၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်၍ ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက် ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ အသက်မပြည့်သေးသူ ကလေးငယ်(မ) တစ်ဦးအား သတ်ဖြတ်မှုကျူးလွန်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံအား ဆောမြို့နယ်ရှိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ထိန်းသိမ်းခေါ်ဆောင်ထားခြင်းအပေါ် ကျေနပ်မှုမရှိသည့် သေဆုံးသူ၏မိခင် ဒေါ်ဌေးရီ(၄၆)နှစ် ဦးဆောင်၍ ဒေသခံပြည်သူ ၁၀၀ ဦးခန့်က ဆောမြို့လေယာဉ်ကွင်း၌ စတင်စုဝေး၍ လေယာဉ်ကွင်းမှ ဗိုလ်ချုပ်လမ်း၊ အခြေခံပညာအထက်တန်းကျောင်းရှေ့လမ်း-အနော်ရထာလမ်း-ဆေးရုံလမ်းမှ နှင်းဆီလမ်းအတိုင်း “လူမဆန်စွာ ရက်စက်သူအား သေဒဏ်ပေး”၊ “မု ဒိမ်းကောင်ကို သတ်မိန့်ပေး” စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ပြစ်မှုကျူးလွန်သူ တရားခံအား ထိရောက်စွာ ပြစ်ဒဏ်ချမှတ်ပေးရန် လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း သိရှိရပါသည်။
