မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသွား မော်တော်ယာဉ် တစ်စီးအား မိုင်းဆွဲဖောက်ခွဲ၍ သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ပြီး မီးရှို့ဖျက်ဆီး ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး သေဆုံး

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသွား မော်တော်ယာဉ် တစ်စီးအား မိုင်းဆွဲဖောက်ခွဲ၍ သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ပြီး မီးရှို့ဖျက်ဆီး ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦး သေဆုံး


Ministry of Home Affairs/ နေပြည်တော် / November 07, 2025


     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန် လည်း ကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆ မတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံ တိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ရွှေဘုံသာရပ်ကွက်နေ ဦးခင်မောင်မြင့်(၅၈)နှစ်သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နေ ဦးကျော်လွင်(၄၅)နှစ်နှင့်အတူ ရွှေဘုံသာရပ်ကွက်မှ ရန်ကုန်မြို့သို့ သရက်-ကံမကားလမ်းအတိုင်း မော်တော် ယာဉ် တစ်စီးဖြင့် မောင်းနှင်ထွက်ခွာလာစဉ် ပါးပွတ်ကျေးရွာ အနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများမှ မော်တော်ယာဉ်အား မိုင်းဆွဲတိုက်ခိုက်၍ သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် မီးလောင်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး မော်တော်ယာဉ်မှာ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူ နှစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံ ခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,