မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မုံရွာမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မုံရွာမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ Naypyitaw / February 28, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် မုံရွာမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ကားကြီးကွင်းရှေ့၌ ပခုက္ကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ရပ်ကွက်နေ ဦးကျော်မင်းထွေး(၃၅)နှစ် မောင်းနှင်ပြီး ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သလူးချောင်းကျေးရွာနေ ထွန်းစိန်မောင်(ခ)ထွန်းခိုင်(၂၈)နှစ် လိုက်ပါလာသည့် YGN-1/1K-XXXX HONDA INSIGHT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကျော်မင်းထွေးနှင့် ထွန်းစိန်မောင်(ခ)ထွန်းခိုင်တို့အား ပခုက္ကူမြို့မရဲစခန်း (ပ)၁၉/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ ဖြင့် လည်းကောင်း။
အလားတူ နံနက် ၁၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရတနာပုံတံတား တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးကုန်းရပ်ကွက်နေ ဦးစိုးမင်းသန်း(၅၅)နှစ် မောင်းနှင်လာသည့် MDY-16/RLG-XXXX NISSAN AD Van မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စိုးမင်းသန်း အား စစ်ကိုင်းမြို့မရဲစခန်း (ပ)၉၂/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
ထို့အတူ ညနေ ၄ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပြည်တော်သာရပ်ကွက်၊ သာစည်လမ်းနှင့် မြို့ပတ်လမ်းဆုံအဝိုင်းအနီး၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သာစည်လမ်းအတိုင်း အနောက်မှ အရှေ့သို့ မုံရွာမြို့နယ်၊ ပြည်တော်သာရပ်ကွက်နေ ဦးအောင်ဇော်ထွေးဝင်း(ခ)ထွန်းထွန်း (၃၅)နှစ် မောင်းနှင်လာသည့် MDY-12/5N-XXXX NISSAN X-Trail မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အောင်ဇော်ထွေးဝင်း (ခ)ထွန်းထွန်း အား မုံရွာနယ်မြေရဲစခန်း (ပ)၄၅/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
