မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ လက်ဆည်ကန်ကျေးရွာ၌ ဘုန်းကြီးကျောင်းဆောင် မီးလောင်မှု

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ လက်ဆည်ကန်ကျေးရွာ၌ ဘုန်းကြီးကျောင်းဆောင် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / March 10, 2026


     ၂၀၂၆ ခုနှစ်၊ မတ် ၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ လက်ဆည်ကန်ကျေးရွာ၌ ရွာဦးဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ၉၀ x ၇၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း နှစ်ထပ်ကျောင်းဆောင် အမိုးပေါ်တွင် တပ်ဆင်ထားသော ဆိုလာပြား အပူလွန်ကဲရာမှတစ်ဆင့် ဆိုလာနှင့် မျက်နှာကြက်ကြားတွင် သွယ်တန်းထားသော ဝိုင်ယာကြိုးများ မီးပွားထွက်၍ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မကွေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါမီးလောင်မှုကြောင့် ၉၀ x ၇၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း နှစ်ထပ်ကျောင်းဆောင် အဆောက်အအုံ တစ်လုံး၊ ဆိုလာပြား ငါးချပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ကပ္ပိယဖြစ်သူ ဦးဆင့် အား မကွေးမြို့နယ်၊ ညောင်ကန်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။