မစ္စတာ ကျိန်းမနက်သ်အား ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ

မစ္စတာ ကျိန်းမနက်သ်အား ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ


Ministry of Information/ Naypyitaw / November 07, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၆

မစ္စတာ ကျိန်းမနက်သ်အား ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။

မစ္စတာ ကျိန်းမနက်သ်ကို ၁၉၇၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့၌ မွေးဖွားခဲ့သည်။ ၎င်းသည် ၁၉၉၆ ခုနှစ်တွင် စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ဩစတြေးလျ နိုင်ငံ Queensland တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ဖြင့် မဟာဘွဲ့ကို ရရှိခဲ့သည်။ တာဝန်ထမ်းဆောင်မှုများအဖြစ် ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင်လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အထိ ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနတွင် ရာထူးအဆင့်ဆင့်ဖြင့် ဒုတိယညွှန်ကြားရေးမှူးအထိလည်းကောင်း၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကူဝိတ်နိုင်ငံရှိ ကမ္ဘောဒီးယားနိုင်ငံသံရုံးတွင် သံရုံးဒုတိယအကြီးအကဲ/သံမှူးအဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ လာအိုနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီးအဖြစ်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိ အာရှပစိဖိတ်ဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစတင်၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။      

သတင်းစဉ်