မစ္စတာ အာလဆန် ကွန်တဲအား ဂီနီသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ

မစ္စတာ အာလဆန် ကွန်တဲအား ဂီနီသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ


Ministry of Information/ Naypyitaw / October 31, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာ အာလဆန် ကွန်တဲအား နယူးဒေလီမြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဂီနီသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ဂီနီသမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို သဘောတူသည်။

မစ္စတာ အာလဆန် ကွန်တဲအား ၁၉၆၅ ခုနှစ် သြဂုတ်လ ၆ ရက်တွင် မွေးဖွားခဲ့ပြီး ၎င်းသည် ယူကရိန်းနိုင်ငံ ကိယက်ဗ်ပြည်နယ် တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဖြင့် မဟာဘွဲ့ကို ရရှိခဲ့သည်။

မစ္စတာ အာလဆန် ကွန်တဲ သည် ၁၉၉၃ ခုနှစ် မှ ၂၀၀၃ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အလုပ်သင်အဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ် မေလမှ ၂၀၀၉ ခုနှစ် မေလအထိ နိုင်ငံခြားရေးဝန်ကြီးဌာန အလုပ်သမားသမဂ္ဂဗျူရိုတွင် အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၀၉ ခုနှစ် သြဂုတ်လမှ ၂၀၁၃ ခုနှစ် မတ်လအထိ နိုင်ငံခြားရေးဝန်ကြီးဌာန ဥပဒေနှင့်ကောင်စစ်ရေးရာဦးစီးဌာန သဘောတူစာချုပ်နှင့် ဥပဒေစာချုပ်များရေးရာဌာနတွင် ဌာနမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ပြည်ပတာဝန်ထမ်းဆောင်မှုများအဖြစ် ၂၀၁၃ ခုနှစ် မတ်လမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ နယူးယောက်မြို့ ဂီနီအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် စီးပွားရေးနှင့် ဥပဒေသံမှူးအဖြစ်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် ဧပြီလအထိ နယူးယောက်မြို့ ဂီနီအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် သံမှူးကြီးအဖြစ်လည်းကောင်း အသီးသီးတာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၄ ခုနှစ် မေလမှ ယနေ့အထိ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဂီနီသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မစ္စတာ အာလဆန် ကွန်တဲသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်သည်။

သတင်းစဉ်

HOT NEWS
January 4,