မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး တွေ့ဆုံဆွေးနွေး
မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး တွေ့ဆုံဆွေးနွေး
Ministry of Education/ Naypyitaw / August 08, 2025
နေပြည်တော် ၂၀၂၅ ဩဂုတ် ၈
မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ကျင်းပရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ မြို့မိမြို့ဖများ၊ ကျောင်းသားဟောင်းများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်က မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခင်ကျင်းပခဲ့သည့် အစည်းအဝေးများတွင် လျာထားခဲ့သည့် လုပ်ငန်းအစီအစဉ် ၂၅ ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်က မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး ဖွဲ့စည်းထားသည့် ကော်မတီများအလိုက် လုပ်ငန်းတာဝန်များကို အသေးစိတ်ချမှတ်ထားရှိကြစေ လိုကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး၀န်ကြီးများက မန္တလေးတက္ကသိုလ် ရာပြည့်သဘင် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လျာထားခဲ့သည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။
ဆက်လက်၍ ပညာရေး၀န်ကြီးဌာန၀န်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ မြို့မိမြို့ဖများနှင့် ကျောင်းသားဟောင်းများက ဆောင်ရွက်ပြီးစီးမှုများနှင့် အကြံပြုချက်များကို တင်ပြကြရာ ဒုတိယ၀န်ကြီးများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
