မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းများ ပြန်လည်ရောက်ရှိကာ ဌာနဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းများ ပြန်လည်ရောက်ရှိကာ ဌာနဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Ministry of Home Affairs/ Naypyitaw / November 17, 2025
ပြည်သူလူထု အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှု ချေမှုန်းရေးစစ်ဆင်ရေး(Counter-Terrorism Operation)ဖြင့် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်မှုကြောင့် လုံခြုံရေးအရ ယာယီပိတ်သိမ်းရပ်ဆိုင်းထားခဲ့သည့် စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများ အပါအဝင် အစိုးရဌာနဆိုင်ရာလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ လုံခြုံရေးအခြေအနေအရ မြင်းခြံမြို့နယ်နှင့် အခြားမြို့နယ် များ၌ တွဲဖက်တာဝန်ထမ်းဆောင်လျက်ရှိသည့် အစိုးရဌာနဆိုင်ရာဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ နွားထိုးကြီးမြို့နယ်အတွင်းရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများ အပါအဝင် အစိုးရဌာနဆိုင်ရာလုပ်ငန်းများတွင် ပြန်လည်တာဝန်ထမ်းဆောင်လျက်ရှိရာ ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များသည် နွားထိုးကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ အသီးသီးရောက်ရှိကြပြီး ၎င်းတို့၏ သက်ဆိုင်ရာလုပ်ငန်းတာဝန်များအား စတင်လုပ်ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
