မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ဘောလုံးပွဲ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ဘောလုံးပွဲ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / December 08, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ဘောလုံးပွဲ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (င)ရပ်ကွက်၊ ၁၂၀ လမ်းနှင့် ၁၂၁ လမ်းကြားရှိ နေအိမ်၌ ဘော လုံးပွဲ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အ တွင်း၌ ဘောလုံးပွဲ လောင်းကစား ပြုလုပ်နေသူ မသုန်ဝတီအောင်(၂၇)နှစ်ပါ အမျိုးသား ၂၅ ဦးနှင့် အမျိုးသမီး ၁၂ ဦးတို့အား ဘောလုံးပွဲ လောင်းကစားပြုလုပ်ရာတွင် အ သုံးပြုသည့် Laptop ခုနစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေး ငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သုန်ဝတီအောင်ပါ ၃၇ ဦးအား ပြည်ကြီးတံခွန်မြို့မရဲစ ခန်း (ပ)၂၃၇/ ၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
