မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / December 29, 2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူသူ  အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ လျှပ်စစ် မီးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ယုဇနမြိုင်ဧည့်ရိပ်သာ၌ အမျိုးသား တစ်ဦး လျှပ်စစ်မီးကြိုးများ ဖြတ်တောက်ခိုးယူနေကြောင်း သတင်းအရ ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ရာ ရပ်ကွက်ကြီး(၅)နေ ကျော်ဇင်သန့်(၃၄)နှစ်အား 50W/XXXX နံပါတ်ပါ YAMASUKI အနက်ရောင် ဆိုင်ကယ် တစ်စီး၊ ယုဇနမြိုင်ဧည့်ရိပ်သာအနီးတွင် သွယ်တန်းထားသော မြို့နယ်လျှပ်စစ်ဦးစီးဌာနပိုင် မီးကြိုးများ ဖြတ်တောက်ခိုးယူထားသည့် လျှပ်စစ်ကြေးကြိုး ၁၃၀ ပေခန့်၊ တန်ဖိုး ၂၂၁,၅၂၀၀ ကျပ်တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်ဇင်သန့် အား ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၂၇၁/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,