မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်မှု

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်မှု


Ministry of Home Affairs/ နေပြည်တော် / February 26, 2026


     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် စက်သုံးဆီ အရောင်းဆိုင်များတွင် မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးတားလမ်းများ ဖောက်လုပ်ထားရှိရေး၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝိုင်ယာ ကြိုးများအား အသစ်လဲလှယ်တပ်ဆင်ရေး၊ စနစ်တကျသွယ်တန်းစေရေး၊ အရေးပေါ်မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ ပြည့်စုံလုံလောက်စွာ ထားရှိစေရေး၊ မီးသတ်ရေကန်များ၌ ရေဖြည့်တင်းထားရှိရေး စစ်ဆေးခြင်းနှင့် မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးထောက်ခံချက် Fire Safety Certificate လျှောက်ထားရယူစေရေးအတွက် ဆိုင်တာဝန်ခံနှင့် ဝန်ထမ်းများအား မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။