မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / March 27, 2026
၂၀၂၆ ခုနှစ်၊ မတ် ၂၅ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့် ရပ်ကွက်၊ မန်ကျည်းပင်ပေါက်လမ်းထောင့်အရောက်၌ အဆိုပါရပ်ကွက်နေ ကံဦး(ခ)မိုးပွင့်(၂၇)နှစ်အား မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ ၎င်း၏ခါးကြားအတွင်းမှ အရိုး၊ အသွား ၈ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကံဦး(ခ)မိုးပွင့် အား ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၃၅/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။
အလားတူ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်၊ လမ်းသွယ်(၉)အရောက်၌ အဆိုပါရပ်ကွက်နေ ကျော်ကျော်ဦး(ခ)ကျော်ဦး(၃၆)နှစ်အား မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ ၎င်းထံမှ အရိုး၊ အသွား ၂၄ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ကျော်ကျော်ဦး(ခ)ကျော်ဦး အား ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၃၆/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
