မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦး ဖမ်းဆီးအရေးယူ
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦး ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / April 24, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၂ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၁၂၀ လမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်းထောင့်အရောက်၌ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာနေ မင်းမင်းလှိုင်(ခ)ရှမ်းလေး(၃၄)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ဆိုင်ကယ်အတွင်းမှ အရိုး၊ အသွား ၉ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၅၅/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။
အလားတူ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ပြည်ကြီးတံ ခွန်မြို့နယ်၊ (င)ရပ်ကွက်၊ ၆၀ လမ်း၊ ၁၂၁ လမ်း နှင့် ၁၂၂ လမ်းကြားအရောက်၌ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေ မင်းမင်း(၅၁)နှစ်အား အရိုး၊ အသွား ၁၄ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၅၇/၂၀၂၆၊ လက်နက်ဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း အ သီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
