မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မင်းနန်သူကျေးရွာတွင် နေအိမ်မီးလောင်မှု

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မင်းနန်သူကျေးရွာတွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / December 08, 2022


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မင်းနန်သူကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့၊ ၀၉ ၁၀ အချိန်ခန့်က ပိုင်ရှင် ဦးကျော်သန်း၏ (၃၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊  ဝါးကြမ်းခင်း(၂)ထပ် နေအိမ်တွင် ဆီမီးခွက်ဖြင့်  ဘုရားမီးပူဇော်ခဲ့ရာမှ ဘုရားစင်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်ဦးခရိုင်အတွင်းရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၇ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၀၉ ၂၈ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊  ဝါးကြမ်းခင်း (၂)ထပ် လူနေအိမ် ၁ လုံးနှင့် အတွင်းပစ္စည်းအနည်းငယ်  မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးကျော်သန်းအား အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,