မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား၊ ၁၉ လမ်းနှင့် ၂၀ လမ်းကြားတွင် နေအိမ်မီးလောင်မှု

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား၊ ၁၉ လမ်းနှင့် ၂၀ လမ်းကြားတွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / January 08, 2023


မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြား၊ ၁၉ လမ်းနှင့် ၂၀ လမ်းကြားတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့၊ ၁၅ ၃၀ အချိန်ခန့်က ပိုင်ရှင် ဒေါ်တင်တင်ဌေး၏ (၁၃x၃၂)ပေ၊ သွပ်မိုး၊ ထရံနှင့် အုတ်ကာ၊ ပျဉ်ခင်း ၂ ထပ် နေအိမ်၏ အပေါ်ထပ်တွင် အိပ်ခန်းအတွင်းရှိ မွေ့ယာခင်းထားသောကုတင်ပေါ်၌ Power Bank အားသွင်းထားရာမှ အပူလွန်ကဲပြီး မွေ့ယာခင်းသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁၅ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၅ ၄၆ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် (၁၃x၃၂)ပေ၊ သွပ်မိုး၊ ထရံနှင့် အုတ်ကာ၊ ပျဉ်ခင်း ၂ ထပ် နေအိမ် အဆောက်အဉီ ၂ လုံး၏အပေါ်ထပ်၊ (၁၃x၄၀)ပေ၊ RC ၂ ထပ်နေအိမ်အဆောက်အဦ၏ အပေါ်ထပ်၊ စုစုပေါင်း အိမ် ၃ လုံး၏ အပေါ်ထပ်နှင့်  အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သဖြင့် ဒေါ်တင်တင်ဌေးအား အောင်မြေသာစံမြို့နယ်၊ အမှတ် (၅)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။