မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ မင်းကုန်းရပ်၊ အကွက်(၃၇၄)၊ ၄၂-C လမ်းတွင် မီးလောင်မှုဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ မင်းကုန်းရပ်၊ အကွက်(၃၇၄)၊ ၄၂-C လမ်းတွင် မီးလောင်မှုဖြစ်ပွား
Ministry of Home Affairs/ နေပြည်တော် / March 15, 2023
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ မင်းကုန်းရပ်၊ အကွက်(၃၇၄)၊ ၄၂-C လမ်း၊ (၉၀x၉၁) လမ်းကြားတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့၊ ၀၂၂၅ နာရီခန့်က “ရွှေမန်းသူ” အသားခြောက်လုပ်ငန်းပိုင်ရှင် အိမ်ငှား ဦးထွန်းခိုင်၏ (၁၆x၁၀)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ မြေစိုက်လူနေအိမ်၏ အဖီဆွဲထားသော နေရာအောက်တွင် အသားခြောက် ကြပ်ကင်စဉ် ဖိုအတွင်း ဆီများပြီး မီးတောက်ထွက်ရာမှတစ်ဆင့် အပေါ်ရှိအမိုးသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင် များသည် အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးငြှိမ်းသတ်ယာဉ် ၂၀ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၀၃၀၀ နာရီတွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် (၁၆x၁၀)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ မြေစိုက်လူနေအိမ် ၁ လုံး၊ (၁၅x၂၄)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ်လူနေအိမ် ၆ လုံး၊ (၁၅x၂၄)ပေ၊ နံကပ်(၂)ထပ် လူနေအိမ် ၁ လုံး၊ (၁၅x၂၄)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ်လူနေအိမ်၏အပေါ်ထပ်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် လုပ်ငန်းပိုင်ရှင် အိမ်ငှား ဦးထွန်းခိုင်နှင့် အလုပ်သမားဖြစ်သူ လှမင်းသူတို့အား အမှတ်(၇)နယ်မြေ ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။