မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၂၁ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလို ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၂၁ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလို ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / March 23, 2023
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ (၁၆)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်အား ရှောင်ကွင်း၍ မူးယစ်ဆေးဝါးများအား LAND CRUISER မော်တော်ယာဉ်ဖြင့် သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ ပိတ်ဆို့ရှာဖွေရေးဆောင်ရွက်နေစဉ် မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် သတင်းရရှိထားသော မသင်္ကာယာဉ်ရောက်ရှိလာသဖြင့် ရှာဖွေစစ်ဆေးရန် ရပ်တန့်စေရာ ရပ်တန့်စစ်ဆေးခံခြင်းမရှိဘဲ အရှိန်မြှင့်မောင်းနှင်ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ညနေ ၃ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ်၊ ၅၈(A)လမ်းနှင့် ၁၁၀ လမ်းထောင့်တွင် အဆိုပါယာဉ်နှင့်အတူ တူးလွမ် အား ဆာလာအိတ် ၂၂ အိတ်အတွင်းမှ ဆပ်ပြာခွက် ၄၈၄၀ ခွက်ဖြင့်ထည့်လျက် ငွေကျပ် ၁ ဒသမ ၂၁ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ လမ်းတစ်လျှောက်ရှိ ရှာဖွေစစ်ဆေးရေးစခန်းများအား ရှောင်ကွင်း၍ သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။