မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ ချီပါရပ်၊ ၃၈လမ်း၊ (၈၀x၈၁)ကြား တွင် နေအိမ်မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ ချီပါရပ်၊ ၃၈လမ်း၊ (၈၀x၈၁)ကြား တွင် နေအိမ်မီးလောင်မှုဖြစ်ပွား


Ministry of Home Affairs/ နေပြည်တော် / March 23, 2023


     မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ ချီပါရပ်၊ အကွက် (၅၃၀)၊ ၃၈ လမ်း၊ (၈၀x၈၁)လမ်းတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့၊ ၁၁၃၂ အချိန်တွင် ပိုင်ရှင် ဒေါ်မဉ္ဇူနှင်းစက်သွန်း၏ (၂၀x၄၀)ပေ၊ RC(၃)ထပ်အဆောက်အဦ၏ ပထမထပ် (၁၀x၁၀)ပေ၊ အခန်းအတွင်းရှိ (TCL) အမျိုးအစား အဲယားကွန်း (Indoor Unit) အပူလွန်ကဲပြီး အနီးရှိ မွေ့ယာပေါ်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ် ၃ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁၀ စီးဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ ၁၁၄၈ အချိန်တွင် မီးငြိမ်းခဲ့ပါ သည်။
      အဆိုပါ မီးလောင်မှုကြောင့် (TCL) အမျိုးအစား အဲယားကွန်း (Indoor Unit) ၂ လုံး နှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်မဉ္ဇူနှင်းစက်သွန်းအား အမှတ် (၉) မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,