မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ရွှေပြည်သာရွာအနီး၊ မန္တလေး-မိုးကုတ်ကားလမ်း၊ မိုင်တိုင်အမှတ် (၄၂/၂) နှင့် (၄၂/၃) ကြားတွင် ယာဉ်တိမ်းမှောက်မှု
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ရွှေပြည်သာရွာအနီး၊ မန္တလေး-မိုးကုတ်ကားလမ်း၊ မိုင်တိုင်အမှတ် (၄၂/၂) နှင့် (၄၂/၃) ကြားတွင် ယာဉ်တိမ်းမှောက်မှု
Ministry of Home Affairs/ နေပြည်တော် / August 08, 2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ရွှေပြည်သာရွာအနီး၊ မန္တလေး-မိုးကုတ်ကားလမ်း၊ မိုင်တိုင်အမှတ် (၄၂/၂) နှင့် (၄၂/၃) ကြားတွင် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၆ ရက် နံနက် ၇ နာရီ ၂၀ မိနစ်ခန့်က ရွှေပြည်သာကျေးရွာမှ လက်ပန်လှကျေးရွာသို့ ဒီဇယ်ဆီပီပါ ငါးလုံး တင်ဆောင်၍ ယာဉ်မောင်း မျိုးမင်းခန့် မောင်းနှင်လာသော ယာဉ်အမှတ် 8E/XXXX Light Truck အမျိုးအစား အဖြူရောင်ယာဉ်သည် ရှေ့ယာဘက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းသို့ တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စဉ့်ကူးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီတွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် Light Truck အမျိုးအစားအဖြူရောင်ယာဉ် မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း မျိုးမင်းခန့် အား လက်ပန်လှနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
