မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ တံတားဦး-မြို့သာလမ်း၊ ပြူကန်ကျေးရွာလမ်းခွဲအကျော်၊ မိုင်တိုင်အမှတ် ၅၀၂/၅ နှင့် ၅၀၂/၆ ကြားတွင် ယာဉ်တိုက်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / September 18, 2023
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ တံတားဦး-မြို့သာလမ်း၊ ပြူကန်ကျေးရွာလမ်းခွဲအကျော်၊ မိုင်တိုင်အမှတ် ၅၀၂/၅ နှင့် ၅၀၂/၆ ကြားတွင် ယာဉ်တိုက်မှု


     မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ တံတားဦး-မြို့သာလမ်း၊ ပြူကန်ကျေးရွာလမ်းခွဲ အကျော်၊ မိုင်တိုင်အမှတ် ၅၀၂/၅ နှင့် ၅၀၂/၆ ကြားတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်က မြို့သာမှ မန္တလေးသို့ ယာဉ်မောင်း ဦးခင်မောင်ညွန့် မောင်းနှင်လာသော ယာဉ်အမှတ် MDY-15 6N/XXXX HIJET အမျိုးအစား အဖြူရောင်ယာဉ်သည် မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိ၍ ထနောင်းပင်အားဝင်ရောက်တိုက်မိပြီး ယာဉ်မောင်း ညပ်နေကြောင်း သတင်းရရှိသဖြင့် တံတားဦးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နံနက် ၇ နာရီ ၅၀ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။
     အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း အမျိုးသား တစ်ဦး (သေဆုံး)အား တံတားဦး မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်အားပေါ့ဆစွာ မောင်းနှင်သူ ဦးခင်မောင်ညွန့် (သေဆုံး)အား တံတားဦးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။