မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ ကံကြီးကုန်းရပ် (၁၂၅x၁၂၆)နှင့်(၅၀x၅၁) ကြားတွင် နေအိမ်မီးလောင်မှု

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ ကံကြီးကုန်းရပ် (၁၂၅x၁၂၆)နှင့်(၅၀x၅၁) ကြားတွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / February 19, 2024


     ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၀ နာရီ ၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ ကံကြီးကုန်းရပ် (၁၂၅x၁၂၆) နှင့် (၅၀x၅၁) ကြားတွင် ပိုင်ရှင် ဒေါ်ထွေး၏ ၁၀x၁၀ ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ်နေအိမ်တွင် ဆိုလာဖြင့် ဘက်ထရီအိုး တိုက်ရိုက်အားသွင်းထားရာမှ ဘက်ထရီအိုးပွင့်ထွက်ပြီး အနီးရှိအဝတ်ပုံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်  မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၅ စီး တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၃၆ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် ၁၀x၁၀ ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ်နေအိမ် ခြောက်လုံး၊ ၁၀x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ်နေအိမ် ရှစ်လုံး၊ ၁၅x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ်နေအိမ် နှစ်လုံး၊ ၁၅x၂၀ ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ်နေအိမ် သုံးလုံး၊ ၂၀x၃၀ ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ် နေအိမ် တစ်လုံး၊ ၃၀x၄၀ ပေ၊ သွပ်မိုး၊ ထရံကာ တစ်ထပ်နေအိမ် တစ်လုံး၊ စုစုပေါင်း နေအိမ် ၂၁ လုံးနှင့် ၁၀x၁၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် သုံးလုံး၏ အပေါ်ထပ်၊ အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ထွေးအား ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။