မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန် - မန္တလေး လမ်းဟောင်းဘေး၊ တံခွန်တိုင်ရပ်ကွက်၊ စကောစုရပ်တွင် မီးလောင်မှု

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန် - မန္တလေး လမ်းဟောင်းဘေး၊ တံခွန်တိုင်ရပ်ကွက်၊ စကောစုရပ်တွင် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / April 26, 2024


     ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄ ရက် နံနက် ၁ နာရီ ၅၂ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန် - မန္တလေး လမ်းဟောင်းဘေး၊ တံခွန်တိုင်ရပ်ကွက်၊ စကောစုရပ်တွင် ပိုင်ရှင် ဒေါ်ချိုချိုဦး၏ ၁၅x၄၀ ပေ၊ သွပ်မိုး၊ သွပ်ပြားကာ၊ အုတ်ခင်း တစ်ထပ် “Mobile World” ဖုန်းရောင်းဝယ်ရေးဆိုင်အတွင်း အင်ဗာတာအပူလွန်ကဲရာမှ အောက်ရှိ ဖုန်းအပိုပစ္စည်းများပေါ်သို့ မီးပွား ကျ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၂ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၉ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါ မီးလောင်မှုကြောင့် ၁၅x၄၀ ပေ၊ သွပ်မိုး၊ သွပ်ပြားကာ၊ အုတ်ခင်း တစ်ထပ် “Mobile World” ဖုန်းရောင်းဝယ်ရေးဆိုင် အဆောက်အအုံ တစ်လုံး၊ MDY 16/6M XXXX Suzuki Carry ကား တစ်စီး၊ ဆိုင်ကယ် နှစ်စီး၊ ဖုန်းနှင့်ဖုန်းအပိုပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ အိမ်ရှင် ဒေါ်ချိုချိုဦးအား ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,