မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဝက်လက်ကျေးရွာအုပ်စု၊ ရွာသာကျေးရွာ၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မိုင်တိုင်အမှတ်၂၉၁/၆ နှင့် ၂၉၁/၇ ကြားတွင် ယာဉ်တစ်စီး မီးလောင်မှု

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဝက်လက်ကျေးရွာအုပ်စု၊ ရွာသာကျေးရွာ၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ မိုင်တိုင်အမှတ်၂၉၁/၆ နှင့် ၂၉၁/၇ ကြားတွင် ယာဉ်တစ်စီး မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / May 05, 2024


     ၂၀၂၄ ခုနှစ်၊ မေ ၄ ရက် နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဝက်လက်ကျေးရွာအုပ်စု၊ ရွာသာကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၂၉၁/၆ နှင့် ၂၉၁/၇ ကြားတွင် ရန်ကုန်မှ စစ်ကိုင်းစက်မှုဇုန်သို့  ယာဉ်မောင်း ဦးနိုင်ဝင်းမိုး မောင်းနှင်လာသော ယာဉ်အမှတ် YGN-1L/xxxx FUSO  အမျိုးအစား (အပြာရောင်)  ကွန်တိန်နာတွဲနံပါတ် 1TLR/xxxx ၂၂ ဘီး ယာဉ်သည် မောင်းနှင်လာစဉ် ယာဉ်၏ဝဲဘက်အလယ်ဘီးတာယာပွင့်ပြီး ကတ္တရာလမ်းနှင့် ပွတ်တိုက်ရာမှတစ်ဆင့် မီးပွားထွက်ပြီး မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းနှင့် ပြည်သာယာနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် ယာဉ်၏တာယာ ခြောက်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း ဦးနိုင်ဝင်းမိုးအား ပျော်ဘွယ်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။

HOT NEWS
January 4,