မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(၃၆)၊ ၇၅ လမ်း x ၇၆ လမ်းကြား ၂ လမ်းတွင် နေအိမ်မီးလောင်မှု

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(၃၆)၊ ၇၅ လမ်း x ၇၆ လမ်းကြား ၂ လမ်းတွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / May 26, 2024


     ၂၀၂၄ ခုနှစ်၊ မေ ၂၄ ရက် နံနက် ၁၀ နာရီ ၅၂ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(၃၆)၊ ၇၅ လမ်း x ၇၆ လမ်းကြား ၂ လမ်းတွင် ပိုင်ရှင် ဒေါ်မြအေး၏ ၆၀x၆၀ ပေ၊ သွပ်မိုး၊ နံကပ်(အောက်ထပ်)၊ ပျဉ်ထောင်(အပေါ်ထပ်)၊ ပျဉ်ခင်း နှစ်ထပ် နေအိမ်အပေါ်ထပ်ရှိ နံရံ၌ တပ်ဆင်ထားသော 50 W LED မီးသီး အပူလွန်ကဲပြီး အောက်ရှိအဝတ်အစားများပေါ်သို့ မီးပွားကျ၍  မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၂၃ စီးဖြင့်  သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
    အဆိုပါမီးလောင်မှုကြောင့် ၆၀x၆၀ ပေ၊ သွပ်မိုး၊ နံကပ်(အောက်ထပ်)၊ ပျဉ်ထောင်(အပေါ်ထပ်)၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်၏ အပေါ်ထပ် ၃၀x၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း မီးလောင်ဆုံးရှုံးခဲ့ပြီး  ပိုင်ရှင် ဒေါ်မြအေး၏ သားမက်ဖြစ်သူ ဦးတာနွေအောင်အား အောင်မြေသာစံမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

 

HOT NEWS
January 4,