မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ပျော်ဘွယ်မြို့နယ် ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား

မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ပျော်ဘွယ်မြို့နယ် ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြား


Ministry of Information/ Naypyitaw / September 18, 2024
image_latest


ပျော်ဘွယ် စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် အဖွဲ့သည် ယနေ့မွန်းတည့် ၁၂ နာရီတွင် ပျော်ဘွယ်မြို့နယ်ရှိ ရေဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က နိုင်ငံတော်အနေဖြင့် ပညာရေး၊ ကျန်းမာရေး ဦးစားပေးဆောင်ရွက်နေမှုအခြေအနေများ၊ ရေဘေးအန္တရာယ်ခံစားခဲ့ရသည့် ပြည်သူ များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့ပေးမှုအခြေအနေများ၊ ပျက်စီးသွားသည့် လမ်း၊ တံတား စသည်များအတွက် ပြန်လည်ပြင်ဆင်ရေးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ရေဘေးရှောင်ပြည်သူများ အနေဖြင့် စိတ်အားငယ်မှုမရှိစေရန်အတွက် အားပေးစကားပြောကြားကြသည်။

၎င်းနောက် မန္တလေတိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သည့် ဆန်၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ကြက်ဥနှင့်မုန့်ခြောက်ထုပ်များကို ပေးအပ်လှူဒါန်းရာ ရေဘေးရှောင်ပြည်သူများက လက်ခံရယူခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)