မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမကြီးဘေး၊ မိုင်တိုင် အမှတ် (၁၃/၁)၊ သရက်ပင်ကျေးရွာအနီး ဆီဘောက်ဆာယာဉ်တိမ်းမှောက်မှု

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမကြီးဘေး၊ မိုင်တိုင် အမှတ် (၁၃/၁)၊ သရက်ပင်ကျေးရွာအနီး ဆီဘောက်ဆာယာဉ်တိမ်းမှောက်မှု


Ministry of Home Affairs/ Nay Pyi Taw / March 12, 2025


     ၂၀၂၅ ခုနှစ်၊ မတ် ၁၁ ရက်  မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမကြီးဘေး၊ မိုင်တိုင်အမှတ်(၁၃/၁)၊ သရက်ပင်ကျေးရွာအနီးတွင် မန်းသံပုရာကန်မှ စစ်ကိုင်းသို့ အောက်တိန်းဆီ ၇၅၀၀ ဂါလန် တင်ဆောင်ပြီး ယာဉ်မောင်း ဦးသန်းထိုက်မောင်းနှင်လာသော ယာဉ်အမှတ် YGN-40၊ 7M/xxxx NISSAN နောက်တွဲဖရိန် (TLR-5610) ၁၈ ဘီးယာဉ်သည် သရက်ပင်ကျေးရွာလမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက်ခြမ်းသို့ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မိတ္ထီလာခရိုင်/ မြို့နယ်မီးသတ်စခန်း၊ မိတ္ထီလာနယ်မြေ(၂)မီးသတ်စခန်းနှင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်ငါးစီးဖြင့် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,