မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများမှ တိုက်ပွဲရှောင် ပြည်သူများအား အသင့်စား စားစရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများမှ တိုက်ပွဲရှောင် ပြည်သူများအား အသင့်စား စားစရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်


Ministry of Home Affairs/ နေပြည်တော် / July 26, 2025
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများမှ တိုက်ပွဲရှောင် ပြည်သူများအား အသင့်စား စားစရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်နေသည့် မှတ်တမ်းဓာတ်ပုံ။


    ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ကံပိုင်ကျေးရွာအုပ်စု၊ သရက္ကန်(တောင်)ကျေးရွာရှိ ရေနားဘုန်းကြီးကျောင်း၌ မြကန်သာကျေးရွာ၊ ဝသုန္ဒရကျေးရွာ၊ ကျောက်တံတားကျေးရွာနှင့် ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာများမှ တိုက်ပွဲရှောင် ပြည်သူစုစုပေါင်း ၂၀၀ ကျော်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အသင့်စား စားစရာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။