မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ခရိုင်လျှပ်စစ်မန်နေဂျာရုံးအတွင်း၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ခရိုင်လျှပ်စစ်မန်နေဂျာရုံးအတွင်း၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှု


Ministry of Home Affairs/ Naypyitaw / July 30, 2025


     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၇ ရက် နံနက် ၈ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ခရိုင်လျှပ်စစ်မန်နေဂျာရုံးအတွင်း၌ လုံးပတ် ၁ ပေခွဲ၊ အမြင့် ၂၀ ပေခန့်ရှိ ကုက္ကိုပင်သည် အမြစ်ခြေမှဆွေးမြေ့ပြီး လျှပ်စစ်ရုံးအဆောက်အအုံပေါ်သို့ လဲကျနေကြောင်း သတင်းရရှိသဖြင့် ရမည်းသင်းခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီတွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။