မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ နဝရတ်လမ်းနှင့် နှင်းဆီလမ်းထောင့်ရှိ “ရဲရင့်” ရေဆေးဆီလိုက်ခြံဝင်းအတွင်း မော်တော်ယာဉ် မီးလောင်မှု
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ နဝရတ်လမ်းနှင့် နှင်းဆီလမ်းထောင့်ရှိ “ရဲရင့်” ရေဆေးဆီလိုက်ခြံဝင်းအတွင်း မော်တော်ယာဉ် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / August 07, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၅ ရက် နံနက် ၁ နာရီ ၅၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ နဝရတ်လမ်းနှင့် နှင်းဆီလမ်းထောင့်ရှိ “ရဲရင့်” ရေဆေးဆီလိုက်ခြံဝင်းအတွင်း ရပ်ထားသော ပိုင်ရှင် ဦးအောင်ခန့်၏ ယာဉ်အမှတ် YGN-8/4L-XXXX HYUNDAI COUNTY မော်တော်ယာဉ်အတွင်း တပ်ဆင်ထားသော ဘက်ထရီအိုးမှ သွယ်တန်းထားသော ဝိုင်ယာကြိုးများ ပေါက်ပြဲ၍ Short Circuit ဖြစ်ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် YGN-8/4L-XXXX HYUNDAI COUNTY မော်တော်ယာဉ်အတွင်းခန်းရှိပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအောင်ခန့် အား ပြင်ဦးလွင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။