မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ မော်တော်ဆိုင်ကယ် နှစ်စီး တိုက်မိ၍ အမျိုးသား တစ်ဦး သေဆုံး
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ မော်တော်ဆိုင်ကယ် နှစ်စီး တိုက်မိ၍ အမျိုးသား တစ်ဦး သေဆုံး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / August 21, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ မော်တော်ဆိုင်ကယ် နှစ်စီး တိုက်မိ၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၀ ရက် နံနက် ၅ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရွှေပြည်ရန်နိုင်ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၂၈၆ မိုင် ၅ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပျော်ဘွယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပျော်ဘွယ်မြို့နယ်၊ ပြည်သာယာရပ်ကွက်နေသူများဖြစ်ကြသည့် ချစ်ကိုကို (ခ)ဒုံးစူး(၁၆)နှစ် မောင်းနှင်ပြီး စိုင်းဝဏ္ဏထွန်း(၂၀)နှစ် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်သည် ပျော်ဘွယ်မြို့ဘက်မှ ရမည်းသင်းမြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ယာဉ်ကြောမရှင်းဘဲ လမ်း၏ယာဘက်သို့ ရုတ်တရက်ချိုးကွေ့စဉ် လားရာတူနောက်မှ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာနေ မင်းဇော်ထွန်း(၂၃)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်မှ တိုက်မိခဲ့သဖြင့် မင်းဇော်ထွန်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ပျော်ဘွယ်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သဖြင့် ချစ်ကိုကို(ခ) ဒုံးစူးနှင့် မင်းဇော်ထွန်းတို့ နှစ်ဦးအား ပျော်ဘွယ်မြို့မရဲစခန်း၌ ယာဉ်(ပ)၂၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။