မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာအနီး မန္တလေး-ပြင်ဦးလွင်ကားလမ်း(အတက်လမ်း)၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာအနီး မန္တလေး-ပြင်ဦးလွင်ကားလမ်း(အတက်လမ်း)၌ သစ်ပင်လဲကျသဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်
Ministry of Home Affairs/ နေပြည်တော် / September 16, 2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက် နံနက် ၇ နာရီ ၂၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာအနီး မန္တလေး-ပြင်ဦးလွင်ကားလမ်း (အတက်လမ်း)၌ လုံးပတ် ၄ ပေ၊ အမြင့် ၃၀ ပေခန့်ရှိ လက်ပံပင်သည် အမြစ်ဆွေး၍ လဲကျပြီး လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီတွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။