မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်း၌ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်ပျက်စီးသွားသည့် ငလျင်ဘေးသင့်ပြည်သူများအား ဆန်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်း၌ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်ပျက်စီးသွားသည့် ငလျင်ဘေးသင့်ပြည်သူများအား ဆန်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ


Ministry of Home Affairs/ နေပြည်တော် / September 27, 2025
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်း မန္တလေးငလျင်  လှုပ်ခတ်မှုကြောင့် နေအိမ်ပျက်စီးသွားသည့် ငလျင်ဘေးသင့်ပြည်သူများအား ဆန်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်း၌ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်ပျက်စီးသွားသည့် ငလျင်ဘေးသင့်ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ  ဆန်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ငလျင်ဘေးသင့်ပြည်သူများ၊ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ပြီး ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။